•
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှသည် . .
ကိုကို(စက်မှုတက္ကသိုလ်)
ဆရာကို - မင်္ဂလာပါဆရာသက်ရေ။ ဒီတစ်ပတ်တော့ ဆရာနဲ့ဆွေးနွေးချင်တဲ့ အကြောင်းအရာကလေးတစ်ခု ကျွန်တော်ကစဉ်းစားထားပါတယ်။
ဆရာသက် - လုပ်ပါဦးခင်ဗျ။ ဆရာကို ဘာတွေများစဉ်းစားထားပါသလဲ။
ဆရာကို - စက်တင်ဘာ ၁၅ရက်နေ့ကျရင် မြန်မာနိုင်ငံမှာ
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနား ပထမဆုံးအကြိမ်ကျင်းပမယ်လို့
သိရတယ်ခင်ဗျ။အဲဒီအကြောင်း ဆွေးနွေးချင်ပါတယ်။
ဆရာသက် - ကျွန်တော်လဲ နေ့စဉ်ထုတ်သတင်းစာတွေမှာ
လှုံ့ဆော်ရေးကြော်ငြာတွေ ဖတ်နေရပါတယ်။ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ၂၀၁၁၊
ပြည်သူ့ အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊
ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်ဆိုပြီး
လွှတ်တော်အဆောက်အအုံတွေ နောက်ခံနဲ့ သုံးကော်လံကြော်ငြာကို
တော်တော်များများဖတ်နေကြရပါတယ်။
|
•
ရက်ပေါင်း(၁၀၀)အတွင်း ဘာတွေလုပ်ခဲ့ပြီးပြီလဲ ဘာတွေလုပ်ရဦးမည်လဲ
အယ်ဒီတာ့အာဘော် -
ဇူလိုင်၉ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသစ်၏
ပထမရက်ပေါင်း (၁၀၀)ပြည့်သည့်နေ့ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများတွင်
သမ္မတသစ်တစ်ဦး သို့မဟုတ် အစိုးရသစ်တစ်ရပ်၏ လုပ်ဆောင် ချက်များကို
ပထမရက်ပေါင်း (၁၀၀)အတွင်း ဆောင်ရွက်ချက်များဖြင့် အကဲဖြတ်လေ့ရှိကြသည်။ 100
days Report Card ဟု ပြောလေ့ပြောထ ရှိကြသည်။ ရက်ပေါင်း(၁၀၀)အတွက်
အောင်မှတ် ရှုံးမှတ် အဖြေထုတ်ပေးခြင်းဟုလည်း ပြောနိုင်သည်။
|
•
အယ်ဒီတာ့အာဘော် - မိုင်းဆက် . . . .ပြောင်းဖို့ခက်
ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ယခုတလော အကြားနေရဆုံး စကားလုံးများထဲတွင်
မိုင်းဆက် (Mindset) သည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ မိုင်းဆက်ကို
အင်္ဂလိပ်အဘိဓာန်တွင်a habitual way of thinking ဟု အနက်ဖွင့်ထားသည်။
အကျင့်ပါနေကျအတိုင်း တွေးတောခြင်းဟု အနီးစပ်ဆုံးဘာသာပြန်သော်ရမည်ထင်သည်။
အင်္ဂလိပ်-မြန်မာအဘိဓာန် တွင်မူ ပုံစံကျနေသောအမြင်၊ ပုံသေအတွေးအခေါ်၊
ပုံသေတွေးခေါ်မှုအလေ့အထဟု အနက်ဖွင့်ထားပါသည်။
|