|
•
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် သုံးလအတွင်း နိုင်ငံတကာအဖွဲ့ ၂၆ဖွဲ့ လာရောက်ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း ပြောကြား
ဇော်ထိုက်
ရန်ကုန်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရသစ်တက်လာပြီး နောက်
တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန်အတွက် ဇူလိုင် မှစက်တင်ဘာ
သုံးလအတွင်း နိုင်ငံတကာအဖွဲ့အစည်း ပေါင်း၂၆ခုက လာရောက်ဆွေးနွေးခဲ့ကြောင်း
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ အမှတ်(၁)နှင့်အမှတ်(၂)
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ထုတ် ဖော်ပြောကြားသည်။
|
•
တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ် မြန်မာနိုင်ငံသို့ လာမည့်နိုဝင်ဘာတွင် အပူဇော်ခံကြချီမည်
အေးသူဇာမြမောင်
ရန်ကုန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင် လာမည့် ဗုဒ္ဓစွယ်တော်မြတ်သည်
မြန်မာနိုင်ငံသို့ လာမည့်နိုဝင်ဘာလအတွင်း အပူဇော်ခံရောက် ရှိမည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါဗုဒ္ဓစွယ်တော်မြတ်ကို နေပြည်တော် ရှိ ဥပ္ပာတသန္တိစေတီတော်၌လည်းကောင်း၊
ရန် ကုန်မြို့တွင် ကမ္ဘာအေးလိုဏ်ဂူတော်မြတ်၌လည်း ကောင်း၊ မန္တလေးမြို့တွင်
အတုမရှိကျောင်းတော် ကြီး၌လည်းကောင်း လှည့်လည်အပူဇော်ခံထား
ရှိမည်ဖြစ်ကြောင်း သိရသည်။
|
•
လိုင်းဖုန်းများ ကြိုတင်ငွေပေးကတ်စနစ် လာမည့်ဒီဇင်ဘာတွင်စတင်ပြောင်းလဲမည်
သန်းနိုင်
ရန်ကုန်၊ လိုင်းဖုန်းများကို ကြိုတင်ငွေပေးကတ်စနစ် PSTN Prepaid System
ဖြင့် ဒီဇင်ဘာလမှစတင်၍ ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊
စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက
ထုတ်ဖော်ပြောကြားလိုက်သည်။
|