Local News  World & Asia Ent & life Style Business  Health Science & Technology Politic & O/P View Perspective

Home » Most Popular Articles » ခေါင်းဆောင်နှင့် နောက်လိုက်

 

   

Related News

• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
• ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့် အထူးပြုသမား
• သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
• သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
• ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
• နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း

Archive News
[news/left-menu.htm] 

ရာသီဥတုပြောင်းလဲခြင်းနဲ့ လူသားတို့ ကျန်းမာရေး

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ရာသီဥတု ပြောင်းလဲခြင်း သို့မဟုတ် ကမောက်ကမဖြစ်ခြင်းဟာ လူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ရာသီဥတု တွေ ပြောင်းလဲတဲ့အတွက် ကျန်းမာရေးအန္တရာယ် မြန်မြန်ဆန်ဆန်ဖြစ်ပေါ်စေပါတယ်။

သိပ္ပံပညာရှင်နှစ်ယောက်ရဲ့အဆိုအရ ရာသီ ဥတုပြောင်းလဲခြင်းဟာ ကျန်းမာရေးအတွက် ဆိုးရွား တဲ့ ထိခိုက်မှုတွေဟာ မြန်ဆန်လာမှာဖြစ်ပါတယ်။
အမျိုးသားတောရိုင်းတိရစ္ဆာန်အဖွဲ့က ရာသီ ဥတုသိပ္ပံပညာရှင် Amanda Staudt နဲ့ ကမ္ဘာ့ပတ်ဝန်း ကျင်ဆိုင်ရာ ဟားဘတ်ဆေးကျောင်းမှ (Dr.Paul Epstein) ဒေါက်တာပေါလ်အက်ပ်စတိန်းတို့ဟာ အပူ ပိုင်းဆိုင်ရာ အများပြည်သူကျန်းမာရေးကို ပူးပေါင်း ပြီး ဆွေးနွေးကြပါတယ်။ ရာသီဥတုပြောင်းလဲခြင်း ကြောင့် ကျန်းမာရေးထိခိုက်မှုတွေကို ဖြေရှင်းဖို့ဖြစ်ပါ တယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ ထိခိုက်မှုတွေ ရှိလာပါတယ်။ (Staudt)စတောက်ရဲ့ အဆိုအရ ရာသီ ဥတုပြောင်းလဲခြင်းအပေါ် သိပ္ပံအထောက်အထားတွေ တိုးလာပါတယ်။ အဲဒီလို တိုးလာမှုကြောင့် ကမ္ဘာပေါ် မှာရှိတဲ့ လူတွေရဲ့ အသက်အန္တရာယ်ကို မြန်မြန်ဆန်ဆန် ထိခိုက်စေပါတယ်။

ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုတွေ တိုးပွား လာတဲ့အခါမှာ နားလည်သဘောပေါက်လာသော်လဲ ပြုပြင်လို့မရတဲ့ အဆင့်ကို ရောက်သွားပါပြီ။ ပြောင်းလဲ မှုတွေ တိုးပွားလာတဲ့အခါမှာ ခက်ထန်မှုတွေနဲ့ ကြုံရ မှာပါ။ မိုးခေါင်မယ်၊ ရေကြီးမယ်၊ မိုးသည်းထန်စွာ ရွာ သွန်းမယ်။ မုန်တိုင်းတွေလာမယ်၊ တောမီးတွေ လောင် မယ်။ အဲဒီအတွေ့အကြုံတွေဟာ ကမ္ဘာကြီးပူနွေးလာလို့ နေ့စဉ်ကျွန်ုပ်တို့ တွေ့ကြုံရမယ့် အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။
သိပ္ပံပညာရှင် အက်ပ်စတိန်းရဲ့အဆိုအရ ရာသီဥတုတွေ ပြောင်းလဲတဲ့ ဖြစ်ပေါ်မှုဟာ ကျန်းမာရေး အန္တရာယ်ပိုဆိုးရွားလိမ့်မယ်လို့ ဆိုပါတယ်။ ဥပမာ အားဖြင့် ကူးစက်ရောဂါတွေ အလျင်အမြန်ပျံ့နှံ့လိမ့် မယ်လို့ ဆိုပါတယ်။

ပထမဦးဆုံးအချက်ပေးတဲ့အနေနဲ့ ကူးစက် ရောဂါတွေ ဖြစ်ပေါ်မှာကတော့ အာဖရိကတောင် တွေပေါ်မှာ၊ အာရှနဲ့ လက်တင်အမေရိကတို့မှာဖြစ်ပါ တယ်။ ရေခဲတောင်တွေ အရည်ပျော်ကုန်တဲ့အတွက် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပါမယ်။ သစ်ပင် အသေးတွေလည်း နေရာရွှေ့ပြောင်းမယ်။ ခြင်တွေ လဲ အပေါ်ဘက်ကို ရွေ့သွားမှာဖြစ်ပါတယ်။ ဒီလိုအား ဖြင့် ခြင်နဲ့ပတ်သက်တဲ့ရောဂါတွေလဲ ပျံ့နှံ့မှာဖြစ်တယ်။ ရောဂါတွေကတော့ ငှက်ဖျား၊ ငန်းဝါဖျား၊ သွေးလွန် တုပ်ကွေးတွေဖြစ်ပါတယ်။ ခြင်နဲ့ပတ်သက်လို့ နယ်နိ မိတ်တွေကျယ်ပြန့်လာမှာဖြစ်ပါတယ်။

ရာသီဥတုအခြေအနေဟာ အပူချိန်များ လာတဲ့အတွက် မြေပြင်ကို အိုဇုန်းလွှာတွေပိုရောက်ရှိ လာပါလိမ့်မယ်။ အပူချိန်တွေများတဲ့အတွက်ကြောင့် ဆဲလ်တွေ ပျက်စီးမယ်။ အဆုတ်ကိုလဲ ထိခိုက်မှာ ဖြစ် ပါတယ်။

သိပ္ပံပညာရှင်တွေ ကြိုတင်ခန့်မှန်းတွက်ချက် ထားတာကတော့ အပူလှိုင်းတွေ တိုးပွားလာတာနဲ့ အမျှ အပူကြောင့် လူတွေကို ဖျားနာစေမယ်။ သေစေ မှာဖြစ်ပါတယ်။ ရာသီဥတုတွေ အစွန်းရောက်မှုများ လာတဲ့အခါမှာ မိုးကြီးမယ်၊ ရေကြီးမှုတွေဖြစ်မယ်။ ကျန်းမာရေးအန္တရာယ်လဲများမှာဖြစ်ပါတယ်။ မိုးသည်း ထန်စွာရွာသွန်းလို့ ရေကြီးမှုတွေဖြစ်ပေါ်တဲ့အခါ လူတွေ မှာ ၀မ်းရောဂါတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ရေ မသန့်ရှင်းမှုတွေဖြစ်မယ်။ မသန့်ရှင်းတဲ့ရေကြောင့် ရောဂါတွေဖြစ်မှာဖြစ်ပါတယ်။ ရေမသန့်ရှင်းမှုကြောင့် အရေပြားမှာ အနာတွေပေါက်လာနိုင်ပါတယ်။
ကမ္ဘာမှာ ကျန်းမာရေးဖြေရှင်းဖို့အတွက် အာရုံစိုက်ရမှာဖြစ်ပါတယ်။ စွမ်းအင်အသစ်တွေကို တီထွင်ရမှာဖြစ်ပါတယ်။ လေကရတဲ့ စွမ်းအင်နဲ့ တော တောင်တွေကို အားကိုးအားထားပြုရမှာပါပဲ။ အက်ပ် စတိန်းပြောတဲ့ ဖြေရှင်းမှုတွေဟာ နောင်တမရစေပါ ဘူး။ ကောင်းတဲ့ အာမခံချက်လဲရှိပါတယ်။ သူ့ရဲ့ဖြေ ရှင်းမှုတွေဟာ အန္တရာယ်ကင်းတာမို့ အမြန်ဆုံး အသုံး ချသင့်ပါတယ်။ တခြားရွေးချယ်နိုင်တာတွေကတော့ ဇီဝလောင်စာနဲ့ ကျောက်ဖြစ်လောင်စာစွမ်းအင်တွေပါပဲ။

စတောက်ရဲ့ ပြောဆိုချက်က ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကလဲ ပြန်ပြင်လို့မရတော့ တဲ့ အပြောင်းအလဲက အင်အားနဲ့ ရောက်လာနေ ပါတယ်။ ရာသီဥတုပြောင်းလဲတာကို ဘယ်လိုတိုက် နိုင်မလည်းဆိုတာ စဉ်းစားရပါမယ်။ ကမ္ဘာကြီးပူနွေးမှု ကလဲ ထိရောက်လို့နေပါတယ်။ ကမ္ဘာမြေဟာ အသစ် တစ်ဖန်ပြောင်းလဲနေပါပြီ။ လူသားတွေဟာ ရာသီဥတု အသစ် အခြေအနေနဲ့ ဆက်ဆံနေရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်ုပ်တို့ဟာ ရာသီဥတုအသစ်အခြေ အနေနဲ့ ဘယ်လိုလိုက်လျောညီထွေ နေရမယ်ဆိုတာ စဉ်းစားသင့်ပါပြီ။ ကမ္ဘာကြီးဟာ အလျင်အမြန်ပြောင်းလဲ နေတာကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ရပါမယ်။ ဒါကြောင့် ကမ္ဘာကြီး ပူနွေးလာတာကို လျော့သွား အောင် လုပ်ဖို့လိုပါတယ်။ လူငယ်မျိုးဆက်တွေရဲ့ အနာဂတ်အတွက် တောရိုင်းသတ္တ၀ါတွေကိုလဲ ကာ ကွယ်ပေးဖို့လိုပါတယ်။ လူငယ်မျိုးဆက်သစ်တွေ အတွက် ကောင်းမွန်တဲ့ ကမ္ဘာဖြစ်ဖို့ အရေးကြီးပါတယ်။

 

မအေးဆေး




 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media · Contact Us • Privacy · Advertisement with us · Help · Site Map
Copyright © Yangon Media 2007

yangonmedia.com

 Total Hit

Powered By: CREATIVE Web Studio