|
|
Related News |
|
•
ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
•
ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့်
အထူးပြုသမား
•
သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
•
သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
•
ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
•
နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
•
ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း |
|
Archive News |
[news/left-menu.htm] |
ကမ္ဘာကို ကိုင်လှုပ်ခဲ့သော မိခင်မြတ်မာသာထရီဆာ

ငါဟာ ဆာလောင်မွတ်သိပ်နေတယ်
ငါဟာ အ၀တ်အစားမဲ့ပြီး
ဗလာကိုယ်ထီးဖြစ်နေတယ်
ငါ့မှာ နေစရာမရှိဘဲ အိမ်ခြေရာမဲ့ ဖြစ်နေတယ်
ငါ့ကို လူတိုင်းက မလိုလားဘဲ နေကြတယ်
ဒါပေမဲ့... မင်းကတော့
ဒါတွေအားလုံး... ငါ့ကို ပေးခဲ့တယ်
အထက်ပါစကားလုံးများမှာ ၁၉၇၉ခုနှစ် ဒီဇင်ဘာ ၁၀ရက် နော်ဝေနိုင်ငံ အော့စလိုမြို့တွင် ကျင်းပခဲ့သည့် မေတ္တာရှင် မာသာထရီဆာကို ငြိမ်းချမ်း ရေးဆုချီးမြှင့်ခဲ့သည့် အခမ်းအနားတွင် မာသာထရီ ဆာက ပရိသတ်များအား ပြောကြားခဲ့သောမိန့်ခွန်းမှ ဖြစ်ပါသည်။
ကမ္ဘာ့သန်းပေါင်းများစွာသော ပြည်သူလူထု ကြီး၏ ချစ်ခင်မြတ်နိုးမှု၊ ယုံကြည်ကိုးစားမှုခံရသော မေတ္တာရှင်မာသာထရီဆာအား ကမ္ဘာ့ကုလသမဂ္ဂကြီး အပါအ၀င် နိုင်ငံတကာမှ ခေါင်းဆောင်ကြီးများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လူမှုရေး၊ ဘာသာရေးအဖွဲ့အစည်းများက ''ကာလကတ္တာမှ မာ သာထရီဆာ'' (Mother Teresa of Calculta) ဟူ၍ ခေါ်ဝေါ်ကြသည်။ အကြောင်းမှာ နှစ်ပေါင်း ၅၀ကျော် ကာလကတ္တားတွင် နေထိုင်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ကျော် မှ ဒုက္ခသည်များ၏ ခိုကိုးရာ စခန်းပေါင်း ၅၀၀ ခန့်ကို စီမံခန့်ခွဲအုပ်ချုပ်၍ ပရဟိတလုပ်ငန်းများအား ကူညီ ဆောင်ရွက်လာခဲ့သောကြောင့်ဖြစ်သည်။
အမှန်တော့ ထရီဆာသည် အိန္ဒိယတိုင်းသူ မဟုတ်ပါ။ သူမကို ဥရောပတိုက် ယူဂိုစလပ်နိုင်ငံ စကော့ပ်သီမြို့တွင် ၁၉၁၀ပြည့်နှစ် သြဂုတ် ၂၇ရက် တွင် အယ်လ်ဘေးနီးယားမျိုးနွယ်မိဘနှစ်ပါးမှ မွေးဖွား လာသူဖြစ်သည်။ ငယ်နာမည်မှာ အဂ္ဂနက်စ်ဖြစ်သည်။ ငယ်ရွယ်စဉ် မူလတန်းကျောင်းသူဘ၀ကတည်းကပင် ဘာသာရေးကို စိတ်ဝင်စားသူဖြစ်သည့်အားလျော်စွာ ဘာသာရေးအသင်းများတွင် ပါဝင်ခဲ့သည်။ သူမ စတင်ဝင်ရောက်ခဲ့သော ဘာသာရေးအသင်းမှာ 'မယ် တော်ထရီဝတ်'အသင်းဖြစ်သည်။
သူမ (၁၈)နှစ်အရွယ်တွင် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တွင်ရှိသော သီလရှင်ကျောင်းသို့ တက် ရောက်ခွင့်ရပြီး အင်္ဂလိပ်ဘာသာကို ပထမဆုံး သင် ယူခဲ့သည်။ ဘာသာရေးယုံကြည်ချက်၊ စိတ်ဓာတ် ထက်သန်မှု၊ ၀ီရိယတို့ကြောင့် ပညာရေးကို ကောင်းစွာ ကြိုးစားဆည်းပူးနိုင်ခဲ့ပေသည်။
၎င်းင်းမှ သူမသည် အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့ ရှိ သီလရှင်သာသနာပြုကျောင်းသို့ ရောက်ရှိလာကာ အိန္ဒိယကလေးငယ်များအား အင်္ဂလိပ်စာရက်တိုသင် တန်းသင်ကြားပေးခဲ့ရသည်။ ဤသို့ဖြင့် သီလရှင်ကျောင်း တွင် နေလာခဲ့ရာမှ ၁၉၃၁ခုနှစ် အသက် (၂၁)နှစ် အရွယ်တွင် သီလရှင်ဘ၀သို့ ကူးပြောင်းသွားခဲ့သည်။ သီလရှင်ဘွဲ့မှာ 'ထရီဆာ'ဖြစ်သည်။
သီလရှင်ဘ၀နှင့် ကာလကတ္တားမြို့အင် တယ်လီရပ်ကွက်ရှိ သီလရှင်များ စုပေါင်းဖွင့်လှစ်ထား သည့် အထက်တန်းကျောင်းတွင် သမိုင်းနှင့်ပထ၀ီ ဘာသာကို သင်ကြားပြသခဲ့ရသည်။ ကျောင်းစည်း ကမ်းနှင့် အသင်အပြကောင်းမှုကြောင့် ကျောင်းသား၊ ကျောင်းသူများနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ချစ်ခင် လေးစားမှုကို ခံရသည်။
''တကယ်တော့ ဘုရားသခင်ဟာ ကျွန်မ အတွက် လျှို့ဝှက်တဲ့ ရတနာသိုက်ကို ညွှန်ပြလိုက် တာပါပဲ။ ဒီရတနာသိုက်ကတော့ ကုသိုလ်ဖြစ်ပရဟိတ သာသနာပြုလုပ်ငန်းတွေကို လက်တွေ့ကျကျဆောင် ရွက်သွားဖို့ပါပဲ''ဟူသော သူမ၏ ယုံကြည်ချက်အတိုင်း ထရီဆာဟာ ကာလကတ္တားမြို့မှ မိုင် ၂၄၀ဝေးသော ပတ္တနာမြို့ သာသနာပြုကုသိုလ်ဖြစ်ဆေးရုံ၌ သူနာ ပြု သင်တန်းများ တက်ရောက်သင်ကြားခွင့်ရခဲ့သည်။ ထရီဆာသည် ကျန်းမာရေးဆိုင်ရာဆေးဝါးကုသမှု များကို အားကြိုးမာန်တက်သင်ယူလေ့လာခဲ့ပြီး ဒုက္ခ ရောက်ခဲ့ကြရသော ခိုကိုးရာမဲ့ မရှိဆင်းရဲသားများ၊ ရောဂါဝေဒနာသည်များကို ၎င်းင်းပညာနှင့်ပင် ကိုယ်ကျိုး စွန့်အနစ်နာခံကာ ပင်ပင်ပန်းပန်း လိုက်လံကုသ စောင့် ရှောက်ခဲ့သည်။
အထူးသဖြင့် ထရီဆာသည် သူမနှင့်အတူ ပရဟိတစေတနာရှင်ဝန်ထမ်းလုပ်အားပေးအဖွဲ့များ ဖွဲ့ကာ လမ်းကြိုလမ်းကြားရှိ အနံ့အသက်ဆိုးရွားလှ သော ရောဂါဝေဒနာရှင်များ၊ အစာရေဆာငတ်၍ အင်အားချည့်နဲ့နေသူများ၊ ရောဂါဝေဒနာပြင်းထန်သူ များကို ကူညီစောင့်ရှောက်ရုံတင်မက အနီးအနားရှိ ဆေးရုံ၊ ဆေးပေးခန်းများသို့ပင် ကိုယ်တိုင်ပွေ့ယူ ပို့ဆောင်ပေးကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးခဲ့သည်။
ထရီဆာ၏ အနစ်နာခံကိုယ်ကျိုးစွန့်တတ် သော မေတ္တာစေတနာအပြည့်အ၀ဖြင့် လူမှုရေး ပရ ဟိတလုပ်ငန်း၊ ကယ်ဆယ်ရေးလုပ်ငန်းများမှာ လူသိ ထင်ရှားအရှိန်အ၀ါကြီးမားကျော်ကြားလာခြင်းကြောင့် အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့သူ မြို့ သားများနှင့် ဆင်းရဲသားပြည်သူများက မိခင်ကြီးတစ် ယောက်ပမာ သတ်မှတ်ကာ 'မာသာထရီဆာ'ဟူ၍ အား လုံးက ကြည်ညိုလေးစားစွာ ခေါ်ဝေါ်ခဲ့ကြလေသည်။
ထရီဆာ၏ ကုသိုလ်ဖြစ် ပရဟိတ စေတနာ့ ၀န်ထမ်းအလုပ်များတွင် အထူးဦးစားပေး၍ ဆောင် ရွက်သော လုပ်ငန်းတစ်ခုမှာ ခိုကိုးရာမဲ့ဒုက္ခသည် ကလေးသူငယ်များ ကယ်ဆယ်စောင့်ရှောက်ရေးပင် ဖြစ်သည်။
၁၉၅၅တွင် ကာလကတ္တားမြို့၌ Shi Shu Bhavan အမည်ရှိ ကလေးများဂေဟာကို ဖွင့်လှစ်ပြီး ခိုကိုးရာမဲ့ကလေးငယ်များ၊ ကိုယ်ရေပြား ရောဂါရှင် များကို ကူညီစောင့်ရှောက်ကုသပေးရုံတင်မက စား ရေး၊ သောက်ရေးနေထိုင်ရေးကိုပါ တာဝန်ယူခဲ့ရလေ သည်။
၁၉၆၄တွင် ဗာတီကန်မြို့မှ ပုပ်ရဟန်းမင်း ကြီးက မိမိအား ကူညီထောက်ပံ့ပေးသော မော်တော် ကားကြီးတစ်စီးကိုလည်း အသုံးမပြုဘဲ ရောင်းချပြီး ကိုယ်ရေပြားရောဂါသည်များအတွက် ဆေးရုံတစ်ရုံ တည်ဆောက်ရာတွင် အသုံးပြုခဲ့သည်။ ထရီဆာ၏ ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဆင်းရဲသားဒုက္ခသည် ဝေဒနာရှင်များအား ကူညီဆောင်ရွက်နေသည်ကို တွေ့မြင်ရသော အာဏာပိုင်များက လေးစားဂုဏ်ပြု သောအားဖြင့် ၃၄ဧကကျယ်သော မြေကွက်တစ်ကွက် ကို လှူဒါန်းပေးအပ်ခဲ့သည်။
၎င်းင်းနောက် ထရီဆာသည် ဒေလီမြို့တော် တွင်လည်း ကလေးများ ပရဟိတဂေဟာတစ်ခုကို တည်ထောင်ဖွင့်လှစ်ခဲ့ရာ အိန္ဒိယ၀န်ကြီးချုပ် မစ္စတာ နေရူးကိုယ်တိုင် တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။ ထိုနည်းတူ ဘုံဘေမြို့တွင်လည်း ပရဟိတဂေဟာ တစ်ခုဖွင့်လှစ်ခဲ့ရာ ချမ်းသာသူများထံမှ များစွာသော ငွေကြေးအထောက်အပံ့များ ရရှိခဲ့သည်။ ထရီဆာ သည် ပရဟိတ စေတနာ့ဝန်ထမ်းလုပ်ငန်းအဖွဲ့များကို အစွမ်းကုန် တိုးချဲ့လုပ်ကိုင်ခဲ့ရာ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ် စသည့် ဥရောပနိုင်ငံများ အပြင် ဘင်္ဂလားဒေ့ရှ်၊ ဗင်နီဇွဲလား၊ သြစတြေးလျ၊ နယူး ဂီနီ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်စသည့် ပစိဖိတ်ဒေသများနှင့် တန်ဇန်းနီးယား၊ အီသီယိုပီးယား၊ ယီမင်၊ အာရပ်၊ အစ္စရေး စသည့် အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများ၊ ထို့ပြင် မက္ကဆီကို၊ ပီရူး၊ ဟေတီ၊ အာဂျင် တီးနား စသည့်တောင်အာဖရိက နိုင်ငံများတိုင်အောင် တိုးချဲ့စည်းရုံး ဖွဲ့စည်းနိုင်ခဲ့သည်။
ထရီဆာ၏ သာသနာပြု ကုသိုလ်ဖြစ် ပရ ဟိတ စေတနာ့ဝန်ထမ်းအဖွဲ့များ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကို ယုံကြည်လေးစားသဖြင့် ၁၉၇၃ ခုနှစ်တွင် မစ္စစ်အင်ဒီရာဂန္ဒီက ထရီဆာအား အိန္ဒိယ လေကြောင်း အခမဲ့သွားလာခွင့်၊ ပြည်ဝင်ဗီဇာနှင့် အကောက်ခွန် လွတ်ငြိမ်းခွင့်ပေးခဲ့သလို အိန္ဒိယအစိုး ရကလည်း မီးရထားခရီးဖြင့် တစ်နိုင်ငံလုံးအခမဲ့ စီးနင်း ခွင့် ပေးခဲ့သည်။ ၀န်ကြီးချုပ် မစ္စတာနေရူးကလည်း အပြည်ပြည်ဆိုင်ရာ နားလည်ချစ်ကြည်မှု ဂုဏ်ထူး ဆောင်လက်မှတ်ကိုပါ ချီးမြှင့်ခဲ့သည်။ နောက်ဆုံးတွင် ထရီဆာ၏ မေတ္တာ၊ စေတနာ၊ ကရုဏာစွမ်းအား ဆောင်ရွက်မှုတို့ကြောင့် ၁၉၈၀ပြည့်နှစ်အတွက် ကမ္ဘာ့ ငြိမ်းချမ်းရေးဆုကြီးပင် ချီးမြှင့်ခံခဲ့ရလေသည်။
၁၉၈၅ခုနှစ်တွင်လည်း အမေရိကန် သမ္မတ ရော်နယ်ရေဂင်ကလည်း လွတ်လပ်ရေးဂုဏ်ထူးဆောင် ဆု ချီးမြှင့်ခဲ့ပါသည်။
ကမ္ဘာ့ပြည်သူ သန်းပေါင်းများစွာသောဒုက္ခ သည် ရောဂါရှင်များ၊ ကိုယ်ရေပြားရောဂါရှင်များ၊ ခို ကိုးရာမဲ့ ကလေးသူငယ်များအား ပြုစုစောင့်ရှောက် ကယ်တင်ပေးခဲ့သူ စေတနာရှင် မေတ္တာရှင် ကရုဏာ ရှင်ကြီး မာသာထရီဆာသည် အသက်(၈၇)နှစ် ၁၉၉၇ ခုနှစ် စက်တင်ဘာလ၅ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ထရီဆာ မကွယ်လွန်မီ နယူးယောက်မြို့ တွင် ဆေးကုသနေစဉ်ကာလမှာ ကမ္ဘာကျော် ပြည်သူ့ အချစ်တော်ဝေလမင်းသမီး ဒိုင်ယာနာက သွားရောက် ဂါရ၀ပြုခဲ့သေးသည်။ မာသာထရီဆာ ကွယ်လွန်ခြင်း အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုဖီအာနန် က ....
''ခိုကိုးရာမဲ့ဆင်းရဲသားများအတွက် ကရု ဏာတရားကို ရှေ့ထားပြီး စေတနာ့ဝန်ထမ်းလုပ်ငန်း များနဲ့ စိတ်ဓာတ်များရဲ့ ထွန်းလင်းတောက်ပတဲ့ စံနမူ နာများကို မာသာထရီဆာက ချန်ထားရစ်ခဲ့ပြီ''ဟူ၍ လည်းကောင်း၊
'' ကျွန်ုပ်တို့ ခေတ်ကြီးရဲ့ အကြီးကျယ်ဆုံး၊ အမြင့်မြတ်ဆုံး လူသားတစ်ဦး ဆုံးရှုံးခဲ့ရပြီ''ဟူ၍ အမေ ရိကန်သမ္မတ ဘီလ်ကလင်တန်က လည်းကောင်း၊
အိန္ဒိယ၀န်ကြီးချုပ် ဂူဂျာရပ်ကလည်း'' အပယ်ခံ လူသားများအတွက် မေတ္တတရားငြိမ်းချမ်းမှုနဲ့ ပျော်ရွှင် မှုများကို မာသာထရီဆာက ကျွန်ုပ်တို့အား ပေးကမ်း ခဲ့ပါတယ်''ဟူ၍လည်း အမှတ်တရ ၀မ်းနည်းစကား များ ပြောကြားခဲ့ပါသည်။
မာသာထရီဆာ၏ နောက်ဆုံးဈာပနကို အိန္ဒိယအစိုးရက နိုင်ငံတော်ဈာပနအဖြစ် ဆောင်ရွက် ခဲ့ရာ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်ကြီးများ၊ ဘာသာ ရေး၊ လူမှုရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံတော် သမ္မတများ၊ ၀န်ကြီးချုပ်များနှင့် ၎င်းတို့၏ ဇနီးများပါ တက်ရောက်ခဲ့ကြသည်။ ထောင်သောင်းမကသော လူထုပရိသတ် ကြီး၏ အခြားဘက်တစ်နေရာတွင် Words of Love are Words of Peace ပန်းဆိုင်းဘုတ်ကြီးကို နောက်ခံ ပြု၍ သူမ၏ ရုပ်ကလာပ်ဘေးတွင် ''အချစ်ဆုံးအမေသို့'' ဆိုသည့် စာတန်းကြီးအား ကျွန်ုပ်တို့ ကမ္ဘာသူ ကမ္ဘာ သားရင်ထဲတွင် ထာဝရ စွဲကျန်ရစ်နေမည့် အမှန်တရား ပင်ဖြစ်ပေတော့သည်။
(မေတ္တာရှင်၊ စေတနာရှင်၊ ကရုဏာရှင် မာသာထရီ ဆာ နှစ် (၁၀၀)ပြည့် အမှတ်တရ)
မှီငြမ်း- စာရေးဆရာလင်းယုန်မောင်မောင်၏
မာသာထရီဆာစာအုပ်
သြရ
|
|