Local News  World & Asia Ent & life Style Business  Health Science & Technology Politic & O/P View Perspective

Home » Most Popular Articles » တပ်ခ်ျမဟာက ပြောပြနေသော ဘ၀ဇာတ်ခုံ အလွမ်းပုံပြင်

 

   

Related News

• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
• ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့် အထူးပြုသမား
• သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
• သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
• ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
• နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း

Archive News
[news/left-menu.htm] 

ယခင်တစ်ပတ်မှအဆက်

တပ်ခ်ျမဟာက ပြောပြနေသော ဘ၀ဇာတ်ခုံ အလွမ်းပုံပြင်

တကယ်လည်း တပ်ခ်ျမဟာဗိမာန်ကြီးက လွမ်း စရာ့ပုံပြင်ရှိခဲ့သည်။ ပုံပြင်ဟုပြောရခြင်းမှာ အလွမ်း ဓာတ်ခံနှင့် တင်စားမိခြင်းသာဖြစ်ပါသည်။ အမှန်မှာ တပ်ခ်ျမဟာ၏ ဖြစ်ရပ်မှန် အလွမ်းဇာတ်တစ်ပုဒ်ဟုဆို ရပါမည်။ ငယ်ငယ်တုန်းက ၀ိုးတိုးဝါးတားသိခဲ့ရသော တပ်ခ်ျမဟာ၏ လွမ်းဇာတ်လမ်းသည် ဧည့်လမ်းညွှန် အာဂရာသား၏ရှင်းပြချက်ကြောင့် ပိုပြီးအသက်ဝင် လာသည်။ တပ်ခ်ျမဟာသည် ငါးဆက်မြောက် မွန်ဂိုဘုရင် ရှားဂျာဟန်းက သူ၏ မြတ်နိုးလှစွာသောမိဖုရားအတွက် ထာဝရမေတ္တာတရားကို သက်သေထူခဲ့သည့် ဗိမာန် တော်ကြီးဖြစ်လေသည်။ ဘုရင်ရှားဂျာဟန်းသည် သူ့ မိဖုရားများထဲတွင် တတိယမြောက်ကြင်ရာတော် မမ် တက်ခ်မဟာကို အလွန်မြတ်နိုးတော်မူသည်။ မမ်တက်ခ် မဟာသည် ပါရှန်းလူမျိုး မူဆလင်မင်းသမီးကလေး ဖြစ်သည်။ သူ၏ အခြားကြင်ရာတော်နှစ်ဦးမှာ အက် ဘရာဘဒီမဟာနှင့် ကန်ဒါဟာရီမဟာတို့ဖြစ်ကြသည်။ သို့သော် သမိုင်းဆရာတို့၏အဆိုအရ ဘုရင်ရှားဂျာ ဟန်းသည် ထိုမိဖုရားနှစ်ဦးအား အဆောင်အယောင် သဘောမျှနှင့်သာလက်ထပ်ခဲ့ပြီး မမ်တက်ခ်မဟာကို သာ မေတ္တာရှိစွာလက်ထပ်ပေါင်းသင်းခဲ့သည်ဟုသိရ သည်။ သူသည် မိဖုရားမဟာကို အခြားသူများထက် အဆထောင်ပေါင်းများစွာချစ်မက်ခဲ့သည်ဟု မှတ်တမ်း ဆရာတို့က ဆိုကြသည်။ မမ်တက်ခ်မဟာမိဖုရား၏အမည်ရင်းမှာ အာ ဂျူမန်ဘာနုဘီဂမ်ဖြစ်ပြီး ပါရှန်းဆွေကြီးမျိုးကြီးနွယ်ဝင် ဖြစ်သည်။ လက်ထပ်ချိန်တွင် ဘုရင်က ၁၅နှစ်၊ မိဖုရား က ၁၄နှစ်သာရှိသေးသည်။ လက်ထပ်မင်္ဂလာပွဲတွင် ဘုရင်က သူ့ကြင်ရာတော်မင်းသမီး၏အလှသည် အခြား အမျိုးသမီးများအကြားတွင် ထင်းနေလင်းနေပြီး ထူး ခြားစွာ ဆွဲဆောင်နေသည်ကို တွေ့လိုက်ရသည်။ ထို့ ကြောင့် နန်းတော်၏ရတနာဟု အဓိပ္ပာယ်ရသော မမ် တက်ခ်မဟာဟုအမည်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုလေ သည်။ မိဖုရားမမ်တက်ခ်မဟာသည် သူချစ်မြတ်နိုး သော မောင်တော်ဘုရင်ကြီးနှင့်အတူ တစ်ရက်တွင် စစ်ချီရာသို့လိုက်ပါခဲ့သည်။ ထိုစဉ်က မိဖုရားတွင် ကိုယ် ၀န်အရင့်အမာကြီးနှင့် ၁၄ယောက်မြောက်ရင်သွေးကို လွယ်ထားရသည်။ မိဖုရားသည် လမ်းခုလတ်တွင် ထို ကလေးကို မွေးဖွားပြီးသည်နှင့် ကံတော်ကုန်ခဲ့သည်။ သူအချစ်ဆုံးမိဖုရား ကွယ်လွန်ရသဖြင့် ဘုရင်ရှားဂျာ ဟန်းသည် အလွန်ပူဆွေးသောကရောက်ရသည်။ ဖြေ မဆည်နိုင်အောင် ဖြစ်ရသည်။ သူ့ကို နိုင်ငံရေးအာဏာ ကြောင့် လက်ထပ်ခဲ့ခြင်းမဟုတ်ဘဲ တကယ့်ချစ်ခြင်း မေတ္တာပေးခဲ့သည့် ချစ်ရသူ ပါရှန်းမင်းသမီးကို တစ်နေ့ မှ မေ့မရနိုင်ဘဲ အလွမ်းမိုးတွေသာဖြိုင်ဖြိုင်ရွာခဲ့ရသည်။ ဘုရင်ကြီး၏ မုတ်ဆိတ်ဆံစအားလုံးမှာ လပိုင်းအတွင်း ဆွတ်ဆွတ်ဖြူသွားကာ အိုစာသွားသည်ဟု သမိုင်းဆရာ တို့က ဖွဲ့နွဲ့သည်။ ထို့ကြောင့်ပင် ဘုရင်သည် မိဖုရားကွယ်လွန်ပြီး တစ်နှစ်အကြာ ၁၆၃၂ခုနှစ်တွင် တပ်ခ်ျမဟာဗိမာန် တော်ကြီးကို စတင်တည်ဆောက်လေတော့သည်။ ''တပ်ခ်ျမဟာကို လူတွေအများကြီးနဲ့ တည် ဆောက်ခဲ့ရပါတယ်။ အိန္ဒိယကသာမက အခြားနိုင်ငံ များက လုပ်သားတွေနဲ့ ပညာရှင်တွေကပါ ၀ိုင်းဝန်း တည်ဆောက်ခဲ့ရတာပါ''ဟု ဧည့်လမ်းညွှန်က ရှင်းပြ သည်။ သူက ကျွန်တော်တို့ကို အလယ်လမ်းမအတိုင်း ခေါ်လာကာ တပ်ခ်ျမဟာ၏သမိုင်းကို ဆက်လက်ရှင်း ပြနေသည်။ အလုပ်သမားနှစ်သောင်းကျော်ကို အိန္ဒိယ နိုင်ငံမြောက်ပိုင်းဘက်မှ ခေါ်ယူခဲ့ရသည်။ လက်ရေး ပညာရှင်များကို ပါရှန်းနှင့် ဆီးရီးယားတို့မှ ခေါ်ယူခဲ့ သည်ဟုလည်း ဆိုသည်။ တပ်ခ်ျမဟာတည်ဆောက် ရာတွင်သုံးသောပစ္စည်းများကို အိန္ဒိယအပါအ၀င် အာရှ နေရာအနှံ့မှ တင်သွင်းခဲ့သည်။ ထိုပစ္စည်းများကို တည် ဆောက်ရေးလုပ်ငန်းခွင်သို့သယ်ယူရန် ထိုစဉ်က ဆင် အကောင်တစ်ထောင်ခန့်ကို သုံးခဲ့သည်။ ကျောက်မျက် ၂၈မျိုးကို စကျင်ကျောက်သားဖြူတွင် မြှုပ်နှံအလှဆင်ကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တည်ဆောက်ချိန် ၁၆နှစ်အကြာ ၁၆၄၈ခုနှစ်တွင် တပ်ခ်ျ မဟာအခြေခံအဆောက်အအုံပိုင်းအားလုံး ပြီးစီးခဲ့ သည်။ ၀န်းရံထားသော အဆောက်အအုံများနှင့်ဥယျာဉ် တို့ကို အပြီးတည်ဆောက်ရသည်မှာ နောက်ထပ်ငါးနှစ် ကြာသည်။ 'အပြစ်ရှိခြင်းများ
ဒီနေရာမှာ လွတ်ငြိမ်းသနား။
တစ်ယောက်က ခွင့်လွှတ်သည့်အခါ
အပြစ်တွေ လွတ်မြောက်ရပါ။
ဒီစံအိမ်တော်ကြီးကို
လှမ်းလာခဲ့ အပြစ်ရှိသူရယ်
အတိတ်က သင့်အပြစ်တွေ
လွင့်စဉ်ပျောက်ကွယ်။
စံအိမ်တော်ကြီးမြင်ကွင်းက လွမ်းမောစရာ
နေနဲ့လတို့ မျက်ရည်ဖြိုင်ဖြိုင်ကျရရှာ။
ကမ္ဘာကြီးမှာထင်ပေါ် ဒီဗိမာန်တော်
ဖန်တီးသူရဲ့ ဂုဏ်ကျက်သရေကျော်'။
ရှားဂျာဟန်းက သူ၏တပ်ခ်ျမဟာကြီးကို ယင်း ကဲ့သို့ မှတ်တမ်းတင်ခဲ့သည်။ သူသည် သူ့ချစ်ဇနီး၏ရုပ် အလောင်းကို ယခုဗိမာန်ကြီး၏ ၀င်ပေါက်အလယ် တည့်တည့်နေရာမှာ မြှုပ်နှံခဲ့သည်။ ''အခု ကျွန်တော်တို့မြင်နေရတာက မိဖုရားနဲ့ ဘုရင်ကြီးရဲ့ အုတ်ဂူတွေဖြစ်ပါတယ်။ တကယ့်အုတ်ဂူ အစစ်တွေကတော့ ဒီကြမ်းပြင်ရဲ့အောက်တည့်တည့်မှာ ရှိပါတယ်'' ကျွန်တော်က ဗိမာန်ကြီး၏ဗိသုကာလက်ရာ များကို အံ့သြငေးမောနေစဉ်မှာ ဧည့်လမ်းညွှန်၏ရှင်းပြ သံ ကြားလိုက်ရသည်။ တပ်ခ်ျမဟာကြီးတည်ဆောက် ပြီး သိပ်မကြာ ရှားဂျာဟန်း နာမကျန်းဖြစ်စဉ် ပုန်ကန် ကြသော သားတော်များထဲမှ သားတော်အော်ရန်ဇက် က သူ့ကို ထိန်းသိမ်းပြီး အနီးအနားက အာဂရာခံတပ် ကြီးတွင် အကျယ်ချုပ်ချထားလိုက်သည်။ ''လှမ်းကြည့်လိုက်ပါဗျာ။ ခင်ဗျားတို့ ရှားဂျာ ဟန်းနေခဲ့ရတဲ့ခံတပ်ကြီးကို ဟောဒီမှာ တွေ့ကြတယ် မဟုတ်လား'' သူလှမ်းပြရာသို့ ကျွန်တော်ကြည့်လိုက်သည်။ ခပ်ဝေးဝေးမှာ ခံတပ်ကြီးက နေရောင်အောက်တွင် ညိုမှောင်နေသည်။ ''ရှားဂျာဟန်းဟာ အဲဒီမှာပဲ ကံတော်ကုန်ရှာ ပါတယ်။ သူမဆုံးခင်မှာ သူဟာ ခံတပ်ကြီးကနေပြီး တော့ သူ့မိဖုရားထာဝရလဲလျောင်းနေတဲ့ ဒီတပ်ခ်ျ မဟာဗိမာန်ကြီးကို နေ့တိုင်း လွမ်းလွမ်းတတကြည့်ရှု နေခဲ့ရရှာပါတယ်'' ရင်ထဲမှာ တစ်မျိုးကြီးဖြစ်သွားသည်။ အပြော ကောင်းလွန်းလို့ပဲလား ဒါမှမဟုတ် အတိတ်ဇာတ် ကြောင်းကိုက အလွမ်းအားကောင်းလို့လားမသိ။ ကျွန် တော့်ဆီသို့ အလွမ်းဓာတ်တွေ ကူးစက်လာပါသည်။ ချစ်ခြင်းမေတ္တာများနှင့် ကြေကွဲတမ်းတခြင်းတို့ဖြင့် ရော ယှက်နေမည့် ရှားဂျာဟန်း၏ မှေးမှိန်ဖျော့တော့နေ သည့် ဇရာမျက်လုံးအိုများကို ကျွန်တော်မြင်ယောင် လာပါသည်။ ''သူဆုံးတော့ သူ့ရုပ်အလောင်းကို ယမုံနာမြစ် ထဲမှာ ဆေးကြောပါတယ်။ ပြီးတော့မှ ယခုမြင်ရတဲ့ အတိုင်း သူ့ကြင်ရာတော်မိဖုရားရဲ့ ဂူဘေးမှာပဲ မြှုပ်နှံ ပေးခဲ့ပါတော့တယ်'' ရှားဂျာဟန်းတို့ ချစ်သူနှစ်ဦးကြည်နူးပျော်ရွှင် နေခဲ့ကြသောကာလတွေမှာပင် ပါရှန်းမဟာမင်းသမီး က ခင်ပွန်းသည်ဆီမှ ကတိစကားလေးခွန်းရခဲ့သည်ဟု ဒဏ္ဍာရီရှိခဲ့သည်။
ထိုသဘောတူညီချက်လေးခုမှာ
၁။ ကြင်ရာတော်သေဆုံးခဲ့လျှင် သူ့အတွက် ဂူဗိမာန်ကို ဘုရင်ကြီးက တည်ဆောက်ပေးမည်။
၂။ ဘုရင်ကြီး ကြင်ရာတော်အသစ်ရှာလျှင် ရှာနိုင်သည်။
၃။ သို့သော် သူ့သားသမီးများကို ထာဝရစောင့် ရှောက်သွားရမည်။
၎။ ဂူဗိမာန်သို့ ဘုရင်ကြီးနှစ်စဉ်လာရောက် ရမည်ဟူ၍ဖြစ်လေသည်။
ရှားဂျာဟန်းက မဟာဒေ၀ီလွန်ပြီးသည့်နောက် နောက်အိမ်ထောင်မပြုတော့ဘဲ သူ့ချစ်မြတ်နိုးခြင်းကို သက်သေပြခဲ့သည်။ သို့သော် ချစ်သူ၏ဗိမာန်နန်းသို့မူ နောက်ပိုင်းမှာ တစ်နှစ်တစ်ခါမလာနိုင်တော့ပါ။ သား တော်မင်းသားပျိုက အာဂရာ၏ခံတပ်ကြီးမှာ ဘုရင် အိုကြီး သူ့ကို အကျယ်ချုပ်ထားလိုက်သောကြောင့်ဖြစ် ပါသည်။ တပ်ခ်ျမဟာ၏လွမ်းပုံပြင် ဒီမှာဆုံးပါပြီ။ သို့ သော် ကျွန်တော့်အတွေးတွေက မဆုံးနိုင်သေးပါ။ အလွမ်းဓာတ်တွေ ကျွန်တော့်ဆီမှာ ပြယ်သွားချိန်မှာ သံဝေဂရစရာတွေ အတွေးထဲ ဆက်တိုက်ဝင်လာပါ သည်။ ဧကရာဇ်မင်းတစ်ပါး၏ကျဆုံးခန်းကို ဆင်ခြင် မိလိုက် သောကြောင့်ဖြစ်ပါသည်။ သူသည် တန်ခိုး အရှိန်အ၀ါ ထည်ဝါမြင့်မားချိန်မှာ ဤမျှကြီးကျယ်ခမ်း နားလှသော ဗိမာန်တော်ကြီးကို လူအား၊ ဓနအင်အား၊ အာဏာအားတို့ဖြင့် မရမကတည်ဆောက်နိုင်ခဲ့သည်။ သူ၏ ပုဂ္ဂလိကချစ်ခြင်းကိုပြသနိုင်ရန် လူတွေအများ ကြီးကို ပင်ပင်ပန်းပန်းဖြစ်အောင်လုပ်ခဲ့သည်။ ဘ၀နေ မွန်းတည့်ချိန်တွေ ဖြစ်သည်။ သို့သော် ဘ၀နေ၀င်ချိန် ရောက်သည့်အခါ ဇရာကလည်းထောင်း၊ အာဏာစက် ကလည်းဟောင်းခဲ့ပြီ။ သက်ဦးဆံပိုင်စနစ်၏ သား ကောင်များထဲက တစ်ဦးဖြစ်ခဲ့ရပြီ။ အဖနှင့်သား၊ ညီ အစ်ကိုအချင်းချင်းအကြား ထီးနန်းလုပွဲများသည် သက် ဦးဆံပိုင်နိုင်ငံအားလုံးမှာ ဖြစ်ရိုးဖြစ်စဉ်တွေအဖြစ် သမိုင်း တင်ခဲ့သည်။ သူသည် ပြတင်းပေါက်ကျဉ်းကျဉ်းကလေး ကြားကသာ အဝေးကချစ်သူဗိမာန်ကို ငေးကြည့်နိုင် တော့သည်။ ဘုန်းတန်ခိုးရှိန်ဝါ တောက်လွန်းသော ကြောင့် ကမ္ဘာကျော်ဗိသုကာလက်ရာမွန် တပ်ခ်ျမဟာ ဗိမာန်ကြီးကို တည်ဆောက်နိုင်ခဲ့သည့် ရှားဂျာဟန်း တစ်ယောက် အာဂရာခံတပ်အခန်းတစ်နေရာမှာ အေ>ခ အရံမဲ့ကင်းစွာ ဘ၀နိဂုံးချုပ်ခဲ့ရပုံမှာ သင်ခန်းစာယူစရာ ဖြစ်သည်။ တပ်ခ်ျမဟာမှအထွက်တွင် ကျွန်တော့်မှာ အလွမ်းတွေထက် သံဝေဂတရားတွေက ရင်မှာပြည့် နှက်လာခဲ့ပါသည်။ မည်သို့ဆိုစေ ထိုခေတ်ထိုအခါက ဗိသုကာ လက်ရာများသည် ယခုအခါမှာတော့ ကမ္ဘာ အထိ ကျော်ကြားခဲ့ပြီး ယူနက်စကိုကပင် တပ်ခ်ျမဟာ ကိုရော အာဂရာခံတပ်ကြီးကိုပါ ကမ္ဘာ့အမွေအနှစ် သတ်မှတ်ဂုဏ်ပြုပေးသည်အထိ အိန္ဒိယ၏ဂုဏ်ကို မြှင့် တင်ပေးနိုင်ခဲ့ပါပြီ။ ချစ်ခြင်းတရား၊ ရစ်ပတ်နှောင်တွယ်သံယော ဇဉ်များ၊ ထာဝရတည်တံ့မေတ္တာတရား၊ တန်ခိုးအရှိန် အ၀ါ၊ ရမ္မက်အာဏာ၊ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ သစ္စာ ရှိခြင်း၊ သစ္စာမဲ့ခြင်း စသည်စသည်တို့ရောပြွမ်းနေသော တပ်ခ်ျမဟာ၏ပုံပြင်ကို ကျွန်တော်နားထောင်ခဲ့ရပါပြီ။ တကယ်တမ်းဆိုရပါလျှင် တပ်ခ်ျမဟာသည် အလွမ်း ဗိမာန်တစ်ခုအဖြစ်သာမက ဘ၀ဇာတ်ခုံတစ်ခုအဖြစ် ပါ ကမ္ပည်းတင်ခဲ့ပါပြီ။ ။
 

 

 

 

 

ကိုကို(စက်မှုတက္ကသိုလ်)











 

 

 

 

 

 







 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media · Contact Us • Privacy · Advertisement with us · Help · Site Map
Copyright © Yangon Media 2007

yangonmedia.com

 Total Hit

Powered By: CREATIVE Web Studio